Pages

Pages

ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး (Working Group)လုပ်ငန်းများ ဆက်လက်ဆောင်ရွက်




MNP  -   ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့်မြေပြင်ရှိလူဦး ရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တတ်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူရေး(Working Group)လုပ်ငန်းကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန်မှစတင်၍ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုင်းကြီးကျွန်းမြို့ ရုံးတာဝန်ခံ ဦးသန့်ဇင်ထွန်းဦးဆောင်သော မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး(Working Group)အဖွဲ့သည် တပ်နယ်မြေအလိုက် တစ်အိမ်တက်ဆင်းစနစ်တကျ အိမ် ထောင်စုလူဦးရေစာရင်းဇယား၊ ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရေး၊ ပြင်ဆင်/ဖြည့်စွက်ခြင်းများ၊ အမည်ကွဲလွဲနေခြင်း၊ မွေးသက္ကရာဇ်ကွဲလွဲနေခြင်း၊ နိုင်နံပါတ်ကွဲလွဲနေခြင်း အခြားအကြောင်းအရာများ၊ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သေဆုံး ပယ်ဖျက်ခြင်း၊ ပြောင်းထွက်ခြင်း၊ ပြောင်းဝင်ခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် မပါဝင်သူများကို ထပ်မံဖြည့်သွင်းခြင်း၊ မွေးစာရင်းတိုး(လူကျန်)ဖြည့်စွက်ခြင်းတို့ကို သတ်မှတ်ရက်မတိုင်မှီ အချိန်မှီပြီးစီးရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လှိုင်မျိုးအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment