တောင်ငူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်


MNP ၊ ဇန်နဝါရီ  ၂၈

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


        ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “မြန်မာကျောင်း” သီချင်းဖြင့် အခမ်း အနားကို စတင်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲတွင်  ဂုဏ်ထူးရရှိအောင် ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဗဟို၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ကာယ၊ ဉာဏ ထူးချွန်ဆု ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)