ယင်းမာပင်မြို့ပြည်သူ့​ဆေးရုံ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယင်းမာပင်မြို့ပြည်သူ့​ဆေးရုံ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP  -   ​ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ယင်းမာပင်မြို့ သန့်ရှင်းသာယာလှပ​စေ​ရေးအတွက် အပတ်စဉ်စ​နေ​နေ့တိုင်း စု​ပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်လျက်ရှိရာ ယ​နေ့နံနက် ၇နာရီအချိန်က ယင်းမာပင်မြို့ ပြည်သူ့​ဆေးရုံဝင်းအတွင်း၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်း​မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်တို့က အနီးကပ်ကြီးကြပ်၍ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှု​ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်​​နေပြည်သူများ ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ခြင်များမ​ပေါက်ပွား​စေရန်နှင့် သန့်ရှင်းသာယာ လှပစေရန်ရည်ရွယ်၍ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များဖယ်ရှားရှင်းလင်းပေးခြင်း၊ ​​​​​​ဆေးရုံသုံးအုတ်ရေကန်များအတွင်းမှ အမှိုက်များဖယ်ရှား​ပေးပြီး အမှိုက်များ​အား စနစ်တကျ စွန့်ပစ်​ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


မြို့သန့်ရှင်းသာယာလှပ​စေ​ရေးအတွက် ​ဆေးရုံ၊ စာသင်​ကျောင်းနှင့် ဘုန်းကြီး​ကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သည့်​နေရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)