ဂွမြို့နယ်တွင် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မကျေးငူကျေးရွာ၊ တောင်ပေါက်ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မကျေးငူကျေးရွာ၊ တောင်ပေါက်ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ







MNP  -   ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ မကျေးငူကျေးရွာအုပ်စု၊ တောင်ပေါက်ကျေးရွာအုပ်စု တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယနေ့ နံနက်ပိုင်းက စတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား  ကျေးရွာအရောက် ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ကျေးရွာအရောက် ညှိ့နှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် မကျေးငူကျေးရွာအုပ်စု၊ တောင်ပေါက်ကျေးရွာအုပ်စု တို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဇာနည်ကျော်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်အောင်၊ အတွင်း‌ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွန်းနှင့်သက်ဆိုင်ရာဌာနဆိုင်ရာတို့က တက်ရောက်လာကြသော ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ယာဥ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း၊ မှုခင်းအသိပညာပေးခြင်း၊မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူရာတွင်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်း(၆၆/၆)ပြုလုပ်နိုင်ရေး၊မီးဘေးအန္တရာယ်လုံခြုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆန္ဒမဲပေးခြင်းလုပ်ငန်းများတွင် အများပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ကျဥ်ရမည့်အချက်များ၊ ကျေးရွာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျေးရွာအုပ်စုနေပြည်သူများအား တာဝန်ရှိသူများက  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဇာနည်ကျော်က  မကျေးငူကျေးရွာအုပ်စုနှင့် တောင်ပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို set top box များနှင့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေစာအုပ်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)