မင်းတုန်းမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) စံပြကွက်ကွင်းပြပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) စံပြကွက်ကွင်းပြပွဲ ပြုလုပ်



MNP  -  ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက အကျိုးဆောင်တောင်သူနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းစိုက်ပျိုးသည့် မိုးနှောင်းချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) စံပြကွက် ကွင်းပြပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက ချည်မျှင်ရှည်ဝါ စိုက်ပျိုးနည်း၊ အပင်ကြီးထွား ရှင်သန်ကျန်းမာမှု၊ ပြုစုပျိုးထောင်နည်းလမ်း၊ ဝါပင်၏ သက်တမ်း၊ အထွက်နှုန်းနှင့် ချည်မျှင်ရှည်ဝါစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးခံစားခွင့်များ အသိပညာပေး ဆွေးနွေးခဲ့သည်။


ထို့နောက် ဝါစိုက်တောင်သူ ဒေါ်ချောမှ ဝါပင်စိုက်ပျိုးမှု အဆင့်ဆင့်နှင့် စိုက်ပျိုးထားသည့် အပင်၏ သက်တမ်းတို့အား ဆွေးနွေးခဲ့ပြီး မိုးနှောင်းချည်မျှင်ရှည်ဝါ(ရွှေတောင်-၈) စံပြကွက်အား ကြည့်ရှု့ခဲ့ကြသည်။ အဆိုပါကွင်းပြပွဲသို့ ကျောက်ကြီး၊ အလယ်ချောင်း၊ မြို့ဟောင်းနှင့် တောင်ပတ်ကျေးရွာမှ တောင်သူများရောက်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းပြပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)