အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ်(နေပြည်တော်) မုခ်ဦးပန္နက်တော်တင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ်(နေပြည်တော်) မုခ်ဦးပန္နက်တော်တင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ





MNP   -  ဇန်နဝါရီ ၂၇

ပြည်တောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အောင်သီရိကျေးရွာအုပ်စု၊ (ဗုဒ္ဓဂါယာ ဘုရားအနီး)အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ် (နေပြည်တော်)အား မုခ်ဦးပန္နက်တော်တင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ သီရိလင်္ကာသမ္မတနိုင်ငံ ဒုတိယသာသနာပိုင်ဆရာတော် Rev Mugunuwela Anuruddha Thero ၊ အိန္ဒိယနိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ မဟာမိတ်အဖွဲ့အစည်း (IBC)အထွေထွေ အတွင်းရေးမှူးချုပ် Ven Dhamma Piya ၊ ထိုင်းနိုင်ငံကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာအဖွဲ့ချုပ် (WAB) ဥက္ကဋ္ဌ Phra Pornchai Palawadhammo နှင့် ထိုင်းနိုင်ငံမှ သံဃာတော်(၂)ပါး၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပါဠိတက္ကသိုလ်(နေပြည်တော်)၏  ဒုတိယပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒက(သာသနာ့ဓဇဓမ္မာစရိယ)နှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒက (သာသနာ့ဓဇဓမ္မာစရိယ)မှ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပါဠိတက္ကသိုလ် (နေပြည်တော်)တည်ဆောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြလျှောက်ထားရာ ကြွရောက်လာသည့်  ဆရာတော်ကြီးများက ဝမ်းမြောက်ကြောင်း မိန့်ကြားခဲ့သည်။ ထို့နောက် အလှူရှင်များက  အလှူငွေများ လှူဒါန်းရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။


ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ်(နေပြည်တော်) မုခ်ဦးပန္နက်တော်တင် အခမ်းအနားပြုလုပ်ကာ ဗုဒ္ဓသာသနံစိရံ တိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်ခဲ့ကြောင်း သိရသည်။


သန္တာလင်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)