MNP - ဇန်နဝါရီ ၂၀
ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာမှရရှိသည့် အသိပညာများအပြင် ပြင်ပဗဟုသုတများ ရရှိနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက (ဆ)ရပ်ကွက်ရှိ ကြယ်စင်စုကိုယ်ပိုင်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကြယ်စင်စုကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဌေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက ကျောင်းသား၊ ကျောင်းသူများအား ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို အချိန်ပေး၍ဖတ်ရှုစေလိုကြောင်း၊ သုတစာပေနှင့်ရသစာပေများကို မြို့နယ်ပြန်/ဆက် ပြည်သူစာကြည့်တိုက်တွင် အခမဲ့အသင်းဝင်၍ ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် လူငယ်ရေးရာအသိပညာပေးအနေဖြင့် Social Mediaများ၏ ကောင်းကျိုး၊ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဗီနိုင်းများ၊ မူးယစ်အသိပညာပေးဗီနိုင်းများနှင့် သုတ၊ ရသစာအုပ်စာစောင်များပြသမှုကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ပြန်/ဆက်မှ ဦးစီးအရာရှိဒေါ်မြမြဝင်း၊ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးနှင့်ဝန်ထမ်းများက အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment