နောင်ချိုမြို့နယ် အထက်တန်းကျောင်း(ခွဲ)(နောင်ချိုကြီး)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ် အထက်တန်းကျောင်း(ခွဲ)(နောင်ချိုကြီး)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ




MNP  -   ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊     နောင်ချိုမြို့နယ်   အထက်တန်းကျောင်း(ခွဲ) (နောင်ချိုကြီး)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက် မွန်းတည့် ၁၂ နာရီအချိန် အဆိုပါကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်အေးအေးသင်း၊ မိဘဆရာအသင်းနာယက ဦးကျော်ဝင်း၊ ကျေးရွာဥက္ကဋ္ဌဦးကျော်စိုးလင်းတို့က အသီးသီးအမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးဦးကျော်မျိုးဝင်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးအောင်ကြည်တို့က စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ရပ်မိ၊ ရပ်ဖများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားထူးချွန်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးကြသည့်  အလှူရှင်များအား ကျောင်းအုပ်ဆရာကြီးဦးကျော်မျိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်းနှင့်    ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ စည်းလုံးချင်းအတွက် သီချင်းတစ်ပုဒ်သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)