Pages

Pages

ခမောက်ကြီးမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးအားကစား ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ပြုလုပ်






MNP  -  ဇန်နဝါရီလ ၂၃

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို  ယနေ့ (၂၃.၁.၂၀၂၃) ရက်နေ့ နေ့လည်ပိုင်းက ခမောက်ကြီးမြို့ အထက ခမောက်ကြီး ကျောင်းဘောလုံးကွင်း၌  ပြုလုပ်ခဲ့သည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ နေ့လည်(၂)နာရီ ၃၀အချိန်တွင် ဘောလုံးအသင်းများ ကွင်းအတွင်း နေရာယူခြင်း၊ ဘောလုံးအသင်းများနှင့် ပွဲကြည့်လာပရိသတ်များအားလုံး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ (၇၆)နှစ်မြောက်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပမှု အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဘောလုံးအသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်း၊ အထက (ခမောက်ကြီးကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကနှင့် finish  dance များဖြင့် ကပြဖျော်ဖြေခြင်းနှင့် ဖွင့်ပွဲအခမ်းအနား ပြီးမြောက်ကြောင်း ကြေညာခြင်းစသည့် အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် ခမောက်ကြီးမြို့အတွင်းရှိ ရပ်ကွက်ကျေးရွာ၊ အုပ်စု အသီးသီးမှ ဘောလုံးအသင်း (၁၂) သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယနေ့ဖွင့်ပွဲအပြီးတွင် အထကခမောက်ကြီး ကျောင်းသားအသင်းနှင့် (၂၂) မိုင် Lucky Star အသင်းတို့မှ ပွဲဦးထွက် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။


ရူပါမြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment