Pages

Pages

ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲဆောင်ရွက်

 


MNP   -   ဇန်နဝါရီ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ အ.မ.က(၁၇)တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွှဲင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ  ဒေါ်သီတာဝင်းက စာပေ၏တန်ဖိုးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောရာတွင် လူငယ်များအနေဖြင့် စာပေ၏တန်ဖိုးကိုသိရှိပြီး ကျောင်းစာသာမက ပြင်ပဗဟုသုတများရရှိစေမည့် သုတ၊ ရသ စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း၊  အသိပညာ၊ အတတ်ပညာဖွံ့ဖြိုးတိုးတက်စေဖို့၊ စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်ဖို့၊ ဉာဏ်အမြော် အမြင်မြှင့်မားဖို့၊ အသိပညာဗဟုသုတရရှိစေမည့် စာကောင်းပေကောင်းများကို လေ့လာ သင်ယူပြီး စာဖတ်သည့် အလေ့အထများကို လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း ဟောပြော ခဲ့သည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို စာဖတိရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်များ၊ စာအုပ်များ ပြသထားရာတွင် စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment