Pages

Pages

တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

 


MNP  -  ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌  ယနေ့ နံနက်(၁၀) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။


အသိပညာပေးဆွေးနွေးပွဲတွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲဝင် စာရေးဆရာမ မြမဉ္ဇူဝေ (ကျုံမငေး)မှ ယနေ့ လူငယ်လူရွယ်များ၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်၊ အန္တရာယ်မကျရောက်စေရန်အတွက် အသိပညာ‌ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင် Book Club တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                           


ခင်ဆွေနှင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment