အိမ်မဲမြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိ‌စေရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိ‌စေရေး အသိပညာပေးဟောပြောပွဲကျင်းပ




MNP  -   ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.မ.က လယ်ပေါ်ကျောင်းတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာန ပူးပေါင်း၍ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ  ၁ နာရီတွင်ကျင်းပသည်။


အဆိုပါအသိပညာပေးဟောပြောပွဲတွင် အ.မ.က လယ်ပေါ်ကျောင်းအုပ်ဆရာမကြီး‌က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်က အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ဥပဒေစည်းကမ်းနှင့်အညီ ဆောင်ရွက်သည့် မီးဖိုချောင်ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်းထွက်အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်နှင့် သာမာန်အမှိုက်အမျိုးအစားစသည့် အမှိုက်အမျိုးအစား (၇) မျိုးအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်ရေး၊ ကျောင်းသားကျောင်းသူများအနေနှင့် မိမိနေအိမ်မှစတင်၍ မိမိပတ်ဝန်းကျင်၊ ကျောင်းများတွင် အမှိုက်ကိုစနစ်တကျခွဲခြားစွန့်ပစ်သည့် အလေ့အထကောင်းများဖြစ်ပေါ်စေရေး ပညာပေးဆွေးနွေးခဲ့သည်။


ချစ်သက်လယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)