Pages

Pages

အောင်လံမြို့ အထက(ရွာထောင်)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ






MNP  -   ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီက အ-ထ-က(ရွာထောင်) ကျောင်းခန်းမတွင် ကျင်းပရာ မြို့နယ် ပညာရေးမှူး ဦးချစ်လွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့သည်။


အခမ်းအနားတွင် အ-ထ-က(ရွာထောင်)ကျောင်း ကျောင်းသား/သူများမှ ထာဝရမြန်မာသီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က အဖွင့်အမှာစကားပြောကြားကာ အထက (ရွာထောင်) ကျောင်းအုပ်ဆရာကြီး ဦးစိုးသန့်မိုးက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၉၈)ဦး တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများပေး အပ်ချီးမြှင့်ပေးခဲ့ကာ အဆို၊ အက၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။


မျိုးသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment