မိုင်းလုံမြို့ ဆုတောင်းပြည့်ဘုရားကျောင်းတွင် (၁၅)ကြိမ်မြောက် ဓမ္မောဓသသစ္စာဓမ္မသဘင် (၇)ရက်တရားစခန်းကျင်းပနိုင်ရေး အစည်းအဝေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းလုံမြို့ ဆုတောင်းပြည့်ဘုရားကျောင်းတွင် (၁၅)ကြိမ်မြောက် ဓမ္မောဓသသစ္စာဓမ္မသဘင် (၇)ရက်တရားစခန်းကျင်းပနိုင်ရေး အစည်းအဝေးဆောင်ရွက်


MNP  -  ဇန်နဝါရီ  ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ခန္တီရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားကျောင်းတွင်(၁၅)ကြိမ်မြောက် ဓမ္မောဓသသစ္စာဓမ္မသဘင် (၇)ရက် တရားစခန်း ကျင်းပနိုင်ရေးအစည်းကို ယမန်နေ့က ဆုတောင်းပြည့်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အစည်းအဝေးတွင် ဂေါပကအဖွဲ့ဝင် လုံးစီးက တရားစခန်းကို မန္တလေးမြို့၊ ဝေဠုဝန်တိုက်သစ်၊ ဓမ္မသုခကျောင်း ဆရာတော် ဦးထေရိန္ဒမှ လာရောက်ဆောင်ရွက်မည့်အကြောင်း၊ တရားစခန်းသို့လာရောက်ရမည့်ရက် ဇန်နဝါရီ(၂၁)ရက်၊ တရားစခန်းစတင်ရက် ဇန်နဝါရီ(၂၂)ရက်၊ တရားစခန်းထွက်ရက် ဇန်နဝါရီ(၂၉)ရက်ဖြစ်ကြောင်း၊ လိုအပ်သောဝေယျဝစ္စများကိုလည်း ကူညီးဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ပြီး မြို့မအသင်းသူ၊ အသင်းသားများမှလည်း ပူးပေါင်းပါဝင်ကုသိုလ်ယူ ဆောင်ရွက်မည့်အကြောင်း၊ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်နန်းဆိုင်လောင်မှ ဌာနဆိုင်ရာများစုပေါင်းပြီး လိုအပ်သောကိစ္စများကို ကူညီဆောင်ရွက်ပေးမည့်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် မြို့မအသင်းသူ၊ အသင်းသားတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။   


ဇော်ဇော်

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)