Pages

Pages

မာန်အောင်မြို့အနောက်စုရပ်ကွက်လေးဆူမြတ်ရှင်သီရိကျက်သရေမာရ်အောင်မြင်စေတီတော်ဝင်း၌ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်




MNP  -  ဇန်နဝါရီ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ သန့်ရှင်းသာယာလှပစေရေး အပတ်စဥ်(စနေ)နေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက အနောက်စုရပ်ကွက်ရှိ လေးဆူမြတ်ရှင်သီရိကျက်သရေ မာရ်အောင်မြင်စေတီတော်ဝင်းအတွင်း၌ သန့်ရှင်းရေးများဆောင်ရွက်ခဲ့သည်။


   ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က လေးဆူမြတ်ရှင်သီရိကျက်သရေမာရ်အောင်မြင်စေတီတော်ဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်းစသည့်သန့်ရှင်းရေးများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment