Pages

Pages

သံတွဲမြို့၌ GTI ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကျင်းပ




MNP  -   ဇန်နဝါရီ  ၁၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ GTI  ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ် ကအဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်ခိုင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ သံတွဲမြို့ သူဌေးရေအားလျှပ်စစ်စီမံကိန်း ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းနှင့် Founder of Liverpool &GE Company ,BE(EP),MSc(Energy Management), University of Liverpool  ဦးရဲခိုင်ဦး တို့က လုပ်ငန်းအတွေ့အကြုံနှင့်အလုပ်အကိုင်အခွင့်အလမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသေးစားနှင့်အလတ်စားစက်သုံးဆီကော်မတီဥက္ကဌ ၊ စင်တော်ကောက်ကုမ္ပဏီ MD၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းရွှေ က GTI  ကျောင်းသား၊ ကျောင်းသူများအား အချိန်ပိုင်းအလုပ်လုပ်ဆောင်ရန် ဖန်တီးဖေါ်ဆောင်ခဲ့မှု အခြေအနေများကိုရှင်းလင်းပြောကြားသည်။


ထို့နောက် Aureum Palace Hotel & resort , Cluster Manager ဦးဝင်းဦးတန်မှ ဟိုတယ် လုပ်ငန်းအတွေ့အကြုံနှင့် အလုပ်အကိုင်အခွင့်လမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းသားတစ်ဦးမှ လက်ရှိအချိန်ပိုင်း လုပ်လုပ်ကိုင်ဆောင်ရွက်ရခြင်းကြောင့် ရရှိလာသော အ‌တွေ့အကြုံ ဆိုင်ရာများကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး မြို့မိမြို့ဖ ဒေါက်တာစိုးမြင့် ၊ ငပလီမြို့ မြို့မိမြို့ဖ ဦးဖိုးရီအောင် တို့က ယခုကျင်းပသည့် GTI  ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းအပေါ်ရှုမြင်သုံးသပ် အကြံပြုစကားများပြောကြား ပေးခဲ့ကြသည်။


 ၎င်းနောက်  UMG ကုမ္ပဏီမှ GTI  ကျောင်းသား၊ ကျောင်းသူများအတွက်ခန့်အပ်နိုင်သော အလုပ်အကိုင်ဆိုင်ရာများကို တာဝန်ရှိသူတစ်ဦးမှရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသည့် GTI  ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ ကြကြောင်းသိရှိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment