ပေါက်တောမြို့သန့် ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးအရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့သန့် ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်





MNP  -    ဒီဇင်ဘာ    ၂၈

     ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ်များနှင့်အညီပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီက ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်းပြီး ဆောင်ရွက်ခဲ့ကြသည်။


  ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်ပတ်ဝန်းကျင်ရှိ  ပလပ်စတစ်နှင့်စွန့်ပစ်အမှိုက်တို့ကို မီးရှို့ရှင်းလင်းခြင်း၊ ချုံနွယ်နွယ်နှင့်မြက်ပင်များကို ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြကာ  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသောနေရာများတွင် စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)