MNP - ဇန်နဝါရီ ၁၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ခရီးသည် ဝန်စည်များအတွင်းမှ သက်ဆိုင်ရာတင်သွင်းခွင့်ထောက်ခံချက်မပါရှိသော MI Walkie-Talkie ခြောက်လုံး၊ ကျောက်စိမ်းဟုယူဆရသော ဆွဲသီးအသေး ၂၄၅ ခုအပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသော Polymex Powder ၂၀၀၀ ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၄၀၀၀၀၀)ကို လည်းကောင်း၊ မြဝတီ-ဘားအံ-ရန်ကုန် လမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော LED BULB များ၊ SOLAR BULB များအပါအဝင် ကုန်ပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၃၄၁၆၄)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော MITSUBISHI FUSO အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၆၃၄၁၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇန်နဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ် နောင်နွန် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်သုံးစီးပေါ်မှ တင်သွင်းခွင့်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်း၂၂ မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၂၂၅၀၀) နှင့် အဆိုပါ ကုန်ပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ်သုံးစီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀)၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၃၂၂၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီးအကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၁၃ ရက် တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့က ထုံးဘိုလမ်းမကြီးဘေး၊ ကံဦးစေတီလမ်း၊ ဒေါင်းရွေးကျေးရွာရှိ မြေစိုက်ဂိုထောင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ တင်သွင်းခွင့်အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသော စက်မှုကုန်ကြမ်းအဝတ်အထည်များ(ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီလ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွဲ ၁၄ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၈၉၅၆၆၆၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment