MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Booster dose)(Myancopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကစုရပ်(၃)ခု တွင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပြီး ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်၊၊ထို့နောက် မိနစ် ၃၀ ခန့်အနားယူစေပြီး ကျောင်းသား၊ကျောင်းသူ ကလေးများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့စုရပ်(၃)ခုတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ(၁၆၅)ဦးက ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment