MNP - ဇန်နဝါရီ ၃၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့ အကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးအရာရှိ ဒေါ်ချိုမာထွန်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအေးချမ်းကိုကိုက မီးခိုးမြူငွေ့အဓိပ္ပာယ်၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့များ၏ ပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှု၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ တောမီးနှင့်အကြောင်းအမျိုးမျိုးကြောင့် အခြားလောင် ကျွမ်းမှုများကို ကာကွယ်ထိန်းချုပ် နိုင်ရေးလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာ တိုးပွားရရှိစေရန် ရည်ရွယ် ၍ အသိပညာပေး Talk Show များကို လစဉ်ရိုက်ကူးထုတ်လွှင့်ပေး လျက်ရှိကြောင်း သိရသည်။
မြင့်ဟန်
https://t.me/MyanmarNationalPost
No comments:
Post a Comment