ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန community centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန community centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ





MNP  -   ဇန်နဝါရီ ၂၈

    ကျိန္တလီမြို့၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။


    ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းအားလပ်ချိန်များတွင် အသိပညာ    ဗဟုသုတများ ရရှိစေရန် စာအုပ်စာပေများဖတ်ရှုရန်လိုအပ်ကြောင်း၊ ယခုလိုတစ်ဦးနှင့်တစ်ဦးအသိပညာဗဟုသုတများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်၊၊


    ဆက်လက်၍ မကြည်ဖြူလင်းက “အဆိုးနဲ့အကောင်း”ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မထိုက်ထိုက်အောင်က “လူ့တန်ဖိုး”ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မပြည့်ပြည့်ဝေက “လူထဲကလူ အတူတူမဟုတ်”ခေါင်းစဉ်ပါ အ​ကြောင်းအရာများကို လည်းကောင်း၊  ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)