ညောင်ဦးမြို့ ယွန်းပညာကောလိပ်(ပုဂံ)၌ လူငယ်ရေးရာဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့ ယွန်းပညာကောလိပ်(ပုဂံ)၌ လူငယ်ရေးရာဟောပြောပွဲကျင်းပ




MNP  -    ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ယွန်ပညာကောလိပ်(ပုဂံ)၌ ကျောင်းသား၊ ကျောင်းသူများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်လျက် ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ယွန်းပညာကောလိပ် (ပုဂံ) ယွန်းခန်းမ၌ လူငယ်ရေးရာဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။


လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူး)ကမီဒီယာ နှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော ဆွေးနွေးပြီး၊  ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးသူများ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ဥပဒေနှင့်အညီကာကွယ်ပေးခြင်းနှင့်စား သုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား မျှတမှုရှိရန် ညှိနှိုင်းပေါင်းစပ်ပေးရခြင်းလုပ် ငန်းစဉ်များဖြစ်ကြောင်း၊ စားသုံးသူများအခွင့်အရေး(၈)ချက်ရှိကြောင်း အခြေခံလိုအပ် ချက်များကို စိတ်ကျေနပ်မှု၊ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုခွင့်ရရှိစေခြင်း၊ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားရယူပိုင်ခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့် ၊နစ်နာဆုံးရှုံးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုအတွက် ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတများကို ဟောပြောဆွေးနွေးရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)