MNP - ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နံရံကပ်ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲကို မြို့အတွင်းရှိ ပြည်သူလူထုများ၊ စာပေဝါသနာရှင်များနှင့် ကျောင်းသား /ကျောင်းသူများစာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ စာအုပ်စာစောင်များ ရှာဖွေဖတ်ရှု လေ့လာခြင်းဖြင့် စာဖတ်ရှိန်မြင့်မား၍ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းကြောင်း သိရသည်။
ထို့နောက် နံရံကပ်ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်သိကောင်းစရာများ၊ ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ၊ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် သုတ/ရသစာအုပ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ကာတွန်းရုပ်ပြများကို ပြသဆောင်ရွက်ထားရှိကာ စာအုပ်စာစောင်များကို လာရောက်လေ့လာသူများက ဖတ်ရှုငှားရမ်းခဲ့ကြကြောင်း သိရသည်။
သီဟ
https://t.me/MyanmarNationalPost



No comments:
Post a Comment