၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြိုနယ် ထန်းကုန်းကျေးရွာတွင် မိသားစုများနှင့်အတူ အေးချမ်းစွာ နေထိုင်ကာ လုပ်ကိုင်စားသောက်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၁၀ ဦးသည် ၎င်းတို့၏ ကျေးရွာအတွင်းသို့ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA/PDF အကြမ်းဖက်သမားများ ရောက်ရှိနေသောကြောင့် ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် သွားရောက်တမ်းရှောင်လျက်ရှိရာ KIA/PDF အကြမ်းဖက်သမားများသည် ဘုန်းကြီးကျောင်းအား လက်လုပ်စိန်ပြောင်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲပြည်သူ ၁၀ ဦးသည် ဗုံးစထိမှန်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။
KIA/PDF အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော အပြစ်မဲ့ပြည်သူများအား ဒေသခံများက ထီးချိုင့်မြိုနယ် ပြည်သူ့ဆေးရုံသို့ လိုက်လံပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
KIA/PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူအများက ရွံရှာမုန်းတီးလာကြသည်။
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)
https://t.me/MyanmarNationalPost
No comments:
Post a Comment