မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ငှားရမ်းပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ငှားရမ်းပေးခြင်းဆောင်ရွက်



MNP  -   ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်၊ သုတရသစာပေများ နယ်လှည့်ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ သွားရောက် ငှားရမ်းပေးခဲ့ပါသည်။


ရှေးဦးစွာ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးမှ အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းသူများကို စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယခုကဲ့သို့ လှည့် လည် ငှားရမ်းပေးရခြင်းဖြစ်ကြောင်း၊ အားလပ်ချိန်တွင် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်း ကြစေရန်နှင့် Social Mideaများတွင် အချိန်ပြည့် အချိန်ကုန်ခံခြင်းထက် စာဖတ်သည့် အလေ့အထ ကောင်းများရရှိစေရန်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ စာအုပ်၊စာစောင်များ ငှားရမ်းပေးရာတွင် စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် သုတ၊ရသ၊ဝတ္ထုတိုများနှင့် ဘဝအတွက် ခွန်အားဖြစ်စေသာစာအုပ်မျိုးစုံ(၅၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းထား သောစာအုပ်များကိုလည်း ရက်သတ္တပတ် နှစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်ငှားရမ်းပေးကြောင်း သိရသည်။ ထို့အပြင် စာကြည့်တိုက်အသင်းဝင်ကတ်ပြားများကိုလည်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ခရိုင်ပြည်သူ့စာကြည့် တိုက်တွင်လည်း စာအုပ်၊ စာစောင်များကို အခမဲ့လာ‌ရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)