PDF အမည်ခံအကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့ဖျက်ဆီး မှုကြောင့် လမိုင်းမြို့အနီးရှိ ဒေသခံတောင်သူများပိုင်ဆိုင်သည့် ရော်ဘာ ၄ ဧကနှင့် မန်ဂျန်ရှား ၁ ဧက စုစုပေါင်း ၅ ဧက ပျက်စီး ဆုံးရှုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့ဖျက်ဆီး မှုကြောင့် လမိုင်းမြို့အနီးရှိ ဒေသခံတောင်သူများပိုင်ဆိုင်သည့် ရော်ဘာ ၄ ဧကနှင့် မန်ဂျန်ရှား ၁ ဧက စုစုပေါင်း ၅ ဧက ပျက်စီး ဆုံးရှုံး





MNP ၊ ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီး ဒေသခံတောင်သူများ ပိုင်ဆိုင်သည့် ရော်ဘာစိုက်ခင်းများနှင့် မန်ဂျန်ရှားစိုက်ခင်းများအား PDF အမည်ခံအကြမ်းဖက် သမားများက ဆင်ခြင်တုံတရားမဲ့စွာ အကြောင်းမဲ့ မီးရှို့ခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် လမိုင်းမြို့ဘက်မှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာခဲ့ပြီး ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် ရော်ဘာစိုက်ခင်းနှင့် မန်ဂျန်ရှား စိုက်ခင်းများအား ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့ဖျက်ဆီးခဲ့ပြီး စာကလယ်ကျေးရွာ ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံ တောင်သူများနှင့်အတူ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။


PDF အမည်ခံအကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့ဖျက်ဆီး မှုကြောင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် ရော်ဘာ ၄ ဧကနှင့် မန်ဂျန်ရှား ၁ ဧက စုစုပေါင်း ၅ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


အထက်ပါဖြစ်စဉ်တွင် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးခြံများအား အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)