ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် နေထိုင်သော အဖိုးအို၊ အဖွားအို၊ အသက်(၆)နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၈)ဦးလုံးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် နေထိုင်သော အဖိုးအို၊ အဖွားအို၊ အသက်(၆)နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၈)ဦးလုံးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်


MNP ၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် နေထိုင်သော အဖိုးအို၊ အဖွားအို၊ အသက်(၆)နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၈)ဦးလုံးကို ဇန်နဝါရီလ(၁၄) ရက်နေ့ နံနက်(၁း၃၀)အချိန်ခန့်က PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် နေထိုင်ကြသော ဦးကျော်လှိုင်(ဘ)ဦးလွ အသက် (၆၅)နှစ်၊ ဒေါ်မြညွန့် (ဘ) ဦးနက်ကျော် အသက် ၇၃ နှစ်၊ မနှင်းမြလှိုင် (ဘ)ဦးကျော်လှိုင် အသက် (၄၁) နှစ်၊ မစုမြတ်စံ(ဘ) ဦးမောင်နိုင် အသက် (၁၅)နှစ်၊ ကိုမျိုးဝင်း (ဘ) ဦးသိန်းငွေ အသက် (၄၃) နှစ်၊ မနှင်းမြခိုင် (ဘ) ဦးကျော်လှိုင် အသက် (၃၈)နှစ်၊ မရွှေဘုံစံ (ဘ) ဦးမျိုးဝင်း အသက် (၁၃)နှစ်၊ မောင်ခန့်ဇေယျာမျိုး (ဘ) ဦးမျိုးဝင်း အသက်( ၆) နှစ်တို့ (၈)ဦးအား PDF အကြမ်းဖက်သမားများက နေအိမ်အတွင်းဝင်ရောက်ကာ ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြခြင်း ဖြစ်သည်။

PDF အကြမ်းဖက်သမားများကို အမြစ်ပြတ်ခြေမှုန်းသုတ်သင်နိုင်ခြင်း မရှိသောကြောင့် PDF အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်လျက်ရှိပြီး ၎င်းတို့၏ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများအပေါ် ပြည်သူများက ရွံမုန်းလာကြသည်။


https://t.me/MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။) 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)