ဝက်လက်မြို့နယ် မကျီးတုံရွာအနီး ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများကို မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့နယ် မကျီးတုံရွာအနီး ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများကို မီးရှို့ဖျက်ဆီး




MNP ၊ ဇန်နဝါရီလ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မကျီးတုံကျေးရွာအနီးရှိ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ပြီး နိုင်ငံပိုင်အဆောက်အဦ လမ်းတံတားများအား အကြောင်းမဲ့ မိုင်းခွဲဖျက်ဆီး၍ အဖျက်အမှောက် များလုပ်သော PDF အကြမ်းဖက်သမားများ မိုင်းခွဲဖျက်ဆီးသွားသော ကွန်ကရစ်တံတား အနီး အသေးစိတ်ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ မကျီးတုံကျေးရွာထိပ်ရှိ သဲအိတ်ဘန်ကာအတွင်းမှ PDF အကြမ်းဖက်သမားများ၏ လက်နက်များ သိမ်းဆည်းရမိသဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျီးတုံကျေးရွာထိပ်ရှိ သဲအိတ်ဘန်ကာအတွင်းမှ PDF အကြမ်းဖက်သမားများ အသုံးပြုသော လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံးတွင် ၁ ခု၊ လက်လုပ်ရှေ့ထွက်မိုင်း ၃ လုံး၊ လက်လုပ်မိုင်း ၄ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး လက်နက်ခဲယမ်းများအား အဆိုပါနေရာတွင် လုံခြုံရေးအဖွဲများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးသွားသော တံတားအား အများပြည်သူများ ပြန်လည်အသုံးပြုသွားလာနိုင်ရေးအတွက် တာဝန်ရှိသူများမှ ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ပြီး  ညနေ ၄ နာရီတွင် ပြုပြင်ခြင်းများ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)