MNP - ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ယနေ့နံနက် ၆ နာရီခန့်က ရေခဲသေတ္တာ SAVE GUARD အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ရေခဲသေတ္တာ၏ SAFE GUARD အပူလွန်ပြီး ဝါယာကြိုးများမှတစ်ဆင့် နေအိမ်နံရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာသို့ ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးမြင့်သန်းထက် ဦးဆောင်သောတပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နှစ်ထပ်အိမ် တစ်လုံးဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူအိမ်ရှင်အား ကျိုင်းတောင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သီဟ
https://t.me/MyanmarNationalPost

No comments:
Post a Comment