MNP - ဇန်နဝါရီ ၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်းပြီး(၇၅ )နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ကျင်းပသည်။
အဆိုပါ (Talk Show)တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန် ကလွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရေးဦးစီးဌာန၊ ဝါးလမ်းကုန်းအလက(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းဝင်းက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံသားများတွင် တာဝန်ရှိကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် အမျိုးသားစိတ်ဓာတ်ခိုင်မာစွာ တည်ဆောက်နိုင်ရေး၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ထောင်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ရုံးနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပသည့် (၇၅ )နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) အပြည့်အစုံကို ပေါက်တောမြို့နယ်ပြည့်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Pauk Taw Facebook Pageတွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment