MNP - ဖေဖော်ဝါရီ ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်တွင်တည်ထားပူဇော်မည့် မာရဝိဇယ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ဌာပနာတော်ထည့်သွင်းလှူဒါန်းပူဇော်ရန် ရွှေနှင့်ကျောက်မျက်ရတနာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီ ၃ဝ မိနစ်အချိန်က မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင်ကျင်းပကြောင်း သိရသည်။
အဆိုပါ ရွှေနှင့်ကျောက်မျက်ရတနာပေးအပ်ပွဲအခမ်းအနားတွင် မိတ္ထီလာတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များထံသို့ မာရဝိဇယ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ဌာပနာတော်ထည့်သွင်း လှူဒါန်းပူဇော်မည့် ရွှေနှင့်ကျောက်မျက်ရတနာများကို အလှူရှင်များကပေးအပ်သည်။ ရွှေနှင့် ကျောက်မျက်ရတနာများလှူဒါန်းသည့် အလှူရှင်များထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် အလှူရှင်များက စုစုပေါင်းပေါင်းကာလတန်ဖိုးငွေ ၂ဝ၁၂၂ဝဝဝ ရှိသော ရွှေနှင့်ကျောက်မျက်ရတနာအမျိုးမျိုးကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် မာရဝိဇယ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ဌာပနာတော်ထည့်သွင်းလှူဒါန်းပူဇော်ရန် ရွှေနှင့်ကျောက်မျက်ရတနာများ အလှူခံမဏ္ဍပ်များကို နေရာ ၂ နေရာတွင်ဖွင့်လှစ်၍ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ လှူဒါန်းခြင်းများလက်ခံလျက်ရှိပြီး လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ကြောင်း သိရသည်။
ချမ်းသာ
https://t.me/MyanmarNationalPost

No comments:
Post a Comment