Pages

Pages

သီပေါမြို့၌ ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုမုဌောစေတီတော်ကြီးတွင် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်


MNP  -   ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင် ဘော်ကြိုမုဌောစေတီတော်ကြီး၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဝင်းက ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုမုဌောစေတီတော်ကြီး၌ အစဉ်အလာမပျက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဌာနဆိုင်ရာအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များအား အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ရဲမှူး အောင်မြင့်မြတ်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ဘော်ကြိုမုဌောစေတီတော်ဂေါပကအဖွဲ့က ဈေးဆိုင်ခန်းများကိစ္စ၊ ရွှေသင်္ကန်း ရောင်းချမည့်ကိစ္စ၊ ဆွမ်းဆက်ကပ်မည့် အခြေအနေများအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်စည်က အမှိုက်များသိမ်းဆည်းရှင်းလင်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကြည်ထွန်းက မီးဘေးလုံးခြုံရေးအတွက် ဆိုင်ခန်းများ နေရာချထားမှု ကိစ္စများနှင့်ပတ်သက်၍လည်းကောင်း၊ ဂေါပကအဖွဲ့ဝင်တစ်ဦးမှ အခမ်းအနားအပြင်အဆင်ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း စသည်ဖြင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment