MNP - ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာအုပ်စု၊ မကျီးတန်းကျေးရွာတွင် ယနေ့နေ့လယ် (၁၁) နာရီခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကျီးတန်းကျေးရွာတွင် နေထိုင်သူ ဦးချစ်သဲမောင်၏ (၂၀)ပေx(၂၀)ပေ၊ သွပ်မိုး၊ထရံကာ၊ မြေစိုက် လူနေအိမ် မီးဖိုးခန်းအတွင်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ထရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းပြီး ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်(၂၅)လုံးမီးလောင် ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
မီးလောင်ရာသို့ ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလွင်အေးဦးစီသည့် မီးငြိမ်းသတ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ဟံမြင့်မိုရ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီးနှင့်အတူသန္ဓေတပ်ဖွဲ့ဝင်(၃၅)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် (၁၁)နာရီ (၄၅) မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူအား ကျောက်ဆည်မြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment