ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကျွဲခေါင်းကြီးတာ တာထိပ်ဆင့်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကျွဲခေါင်းကြီးတာ တာထိပ်ဆင့်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး




MNP  -    ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျွဲခေါင်းကြီးတာ တာထိပ်ဆင့်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အလျား ပေ ၃၉၀၀ ဆောင်ရွက်ပြီးစီးကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ သိရသည်။


ကျွဲခေါင်းကြီးတာ  မြန်အောင်တာမိုင် ၂၉/၇+၃၃၀ နှင့် ၃၀/၄ အတွင်း မြေကြီး ကျင်းပေါင်း ၃၄၄၀ ကျင်း အသုံးပြု၍ တာထိပ်အကျယ် ၁၂ ပေ၊ အလျား ၃၉၀၀ ပေ ကို ပျမ်းမျှအမြင့် ၂ ပေ ၉ လက်မ တာထိပ်ဆင့်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၃.၅၂၁) ဖြင့် အောင်ထူးအေး ကုမ္ပဏီကတာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ တာအမြင့်မှာ ပျမ်းမျှ ၁၄ ပေခန့် အထိရှိကြောင်း သိရသည်။


မိုးရာသီ ဧရာဝတီမြစ်ရေတက်ချိန်တွင် ကျွဲခေါင်းကြီးတာ (မူလတာအဟောင်း)မှာ မြစ်ကမ်းနှင့် နီးကပ်လျက်ရှိပြီး ကမ်းပြိုကမ်းစားမှုဖြစ်ပေါ်နေသောကြောင့် (၂၀၁၈-၂၀၁၉) ခုဘဏ္ဍာရေးနှစ်က ဆောင်ရွက်ထားသည့် ယခုကျွဲခေါင်းကြီး တာ (ပန်းတာ)အား တာကြံ့ခိုင်ရေးကောင်းမွန်စေရန် တာထိပ်ဆင့်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီဌာနမှ ဦးစီးအရာရှိ ဦးသိန်းဌေးထံမှ သိရသည်။


ဝင်းဗိုလ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)