MNP - ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဒေသခံတောင်သူများမှာ နှစ်ရှည်သီးနှံ ပင်များကိုသာ အဓိကထားစိုက်ပျိုးအသက်မွေးကြရာမှ ယခုအခါ မြို့ပေါ်နှင့်အနီးဝန်းကျင် ကျေးရွာများတွင် နာနတ်သီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြသော်လည်း စနစ်တကျစီးပွားဖြစ်စိုက်ပျိုးမှုမရှိသေးကြောင်း သိရှိရသည်။
ဒေသခံပြည်သူများမှာ မိမိတို့၏နေအိမ်ခြံဝန်းများအတွင်းတွင် မိသားစုစားသုံးရန်နှင့် အပိုင်ဝင်ငွေရရှိရန်အတွက်သာ စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။ နာနတ်သီးများကို မိုးတွင်းကာလတွင်တစ်ကြိမ်၊ ဆောင်းတွင်းကာလတွင်တစ်ကြိမ် ဆွတ်ခူးရပြီး အသီးလှများကို ကျပ် ၅၀ဝိ/- မှ ၁၂၀ဝိ/- ကျပ်အထိ လက်လီရောင်းချကြရာ ကျန်နာနတ်သီးများကို ပြုပြင်သန့်စင်ပြီး နာနတ်ဝိုင်နှင့် နာနတ်ယိုများ ထုတ်လုပ်စားသုံးရောင်းချကြကြောင်း သိရှိရသည်။
ယခုအခါ ဒေသခံများထုတ်လုပ်သော နာနတ်ဝိုင်များကို အနီးဝန်းကျင်ရှိမြို့နယ်များမှ ဝယ်ယူမှုတိုးပွားလာသောကြောင့် နာနတ်သီးစိုက်ပျိုးသူ ဒေသခံပြည်သူများက ဝိုင်ထုတ်လုပ်ရန်နှင့် နာနတ်ယိုထုတ်လုပ်ရန် ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း အမှတ်(၁) ရပ်ကွက်နေ နာနတ်ဝိုင်ထုတ်လုပ်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment