Pages

Pages

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၅) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်ရုံးအမှတ် ၃၉ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ ပျော်ရွှင်စွာယှဉ်ပြိုင်မှုကို လှည့်လည်ကြည့်ရှုအားပေးသည်။


ထို့နောက် ပြိုင်ပွဲတွင်ပထမဆုရရှိသော ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာ‌ဖွေရေးဦးစီးဌာနအသင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကလည်းကောင်း၊ ဒုတိယဆုရရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးထွန်းအုံကလည်းကောင်း၊ တတိယဆုရရှိသော အမှတ်(၁)သတ္တုတွင်းလုပ်ငန်းအသင်းကို ဒုတိယဝန်ကြီး ဦးမင်းသူကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်အသင်းများကို နှစ်သိမ့်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment