Pages

Pages

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံရှိအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၇)ရပ် ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women- NSPAW) (၂၀၁၃ - ၂၀၂၂)သည် စီမံချက်သက်တမ်းကုန်ဆုံးပြီဖြစ်၍ NSPAW Phase II (၂၀၂၃- ၂၀၃၂)ကို ရေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများပါဝင်သည့် ဦးဆောင်ကော်မတီ (၁)ရပ်နှင့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်သည့် လုပ်ငန်းကော်မတီ(၁၂) ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း။


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်ရေးဆွဲထားသည့် “ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်” ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နေပြည်တော် ကောင်စီနှင့် ရခိုင်ပြည်နယ်စီမံချက်ကျေးရွာများတွင် Quick win project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ငယ်မုဒိမ်းအပါအဝင် ကျား-မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence- GBV) များနှင့်ပတ်သက်ပြီး ဆက်သွယ်တိုင်ကြားနိုင်ရန် Helpline ဖုန်းနံပါတ် “1566” ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးထုသည် လူဦးရေ၏ ၅၃ ရာခိုင်နှုန်း ရှိသောကြောင့် အစိုးရကဦးဆောင်၍ အမျိုးသမီးထုတစ်ရပ်လုံး ဖွံ့ဖြိုးရေးနှင့်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများသည်လည်း အရေးပါသည့်ကဏ္ဍများဖြစ်သောကြောင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့် အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၂ ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးတင်ပြသည်။


ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များက ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment