ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ စတင်ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ စတင်ထုတ်ပေး



MNP  -   ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ယမန်နေ့ မွန်းလွဲ(၁၂) နာရီ အချိန်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(ကျုံဒါး)၊ အ.ထ.က(တော်ကမယ်)နှင့် အ.ထ.က(နောက်ပြန်တိုး) စုစုပေါင်း စာစစ်ဌာန(၄)ခုကို စာစစ်ဌာနများအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျောင်းတွင်းဖြေဆိုသူ (၁၅၈)ဦးနှင့် ပြင်ပဖြေဆိုသူ (၃၈၇)ဦး စုစုပေါင်း (၅၄၅)ဦး ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၉၃၁)ဦး၊ အောင်မြင်သူ(၄၆၉)ဦး အောင်ချက်ရာခိုင်နှုန်း (၅၀.၃၈) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။


အေဇာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)