MNP - ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အထက(၁)ကျောင်းတင်ဆင်ခြေထောက်ရောဂါကင်းဝေးရေးအသိပေး ဟောပြောပွဲကိုယနေ့ နေ့လည်(၁)နာရီအချိန်ကအထက(၁)ကျောင်းဦးချောင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ငှက်ဖျား(အင်ပက်တော်)ဦးချစ်တင်ကဆင် ခြေထောက်ရောဂါသည်လက်တလောလူကိုသေစနိုင်သောရောဂါမဟုတ်သော်လည်း ခြေလက်အဂ်ါပုံသဏ္ဍာန်ပျက်ယွင်းခြင်းကြောင်းလူမှုဘဝကိုထိခိုက်နစ်နာဆုံးရှုံးရှိ စေပါသည်။
ကမ္ဘာပေါ်တွင်လူဦးရေသန်းပေါင်း(၈၅၆)သန်းသာ်ဆင်ခြေထောက်ရောဂါကူးစပ်နေသောနိုင်ငံပေါင်း(၅၂)နိုင်ငံတွင် နေထိုင်လျှက်ရှိပြီး လူဦးရေသန်းပေါင်း(၁၂၀)၌ဆင်ခြေထောက်ရောဂါကူးစပ်လျှက်ရှိကြောင်းရှင်းလင်း ပြောကြားပြီး "အနာဂတ်သားမြေးဆင်ခြေထောက်ရောဂါကင်းဝေးရေး အားလုံးပါဝင် ဆေးသောက်ပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ ရသေ့တောင်မြို့နယ်တွင်၂၀၂၃ဖေဖော်ဝါရီလ ၁၃ နေ့မှ ၁၉ ရက်နေ့ထိတိုက်ကျွေးသွာမှာဖြစ်ပြီး ဆေးတိုက် ကျွေးတွင် အိမ်ခြေ ၅၀ လျှင် တစ်အုပ်စု သတ်မှတ်ထားရာ၊ကျန်းမာရေးဝန်ထမ်းများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ မိခင်ကလေး၊အမျိုးသမီးရေးရာကြက်ခြေနီအသင်း နှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကအိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ကျွေးမည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ကျန်းမားရေးဌာနမှ ဝန်ထမ်းများ၊ အထက(၁)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment