MNP - ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် စည်ပင်ကျေးရွာရှိ စက်မှုလက်မှုသင်တန်းကျောင်းဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ၊မမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဟိုင်ကူးတို့ကျေးရွာရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ခိုင်ဖြိုးအသင်းဝင်များက ရဟိုင်ကူးတို့အုပ်စု၊ စည်ပင်ကျေးရွာရှိစက်မှုလက်မှု သင်တန်းကျောင်းဝန်းအတွင်းသစ်ပင်၊ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသောအမှိုက်များအား စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment