MNP - ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှ ဒေသခံ ပဲစိုက်တောင်သူများသည် ပဲကြီးများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြကြောင်း ရေပုတ်ကျေးရွာ ပဲစိုက်တောင်သူ ကိုသောင်းနိုင်ထံမှ သိရသည်။
ပဲကြီးများ စိုက်ပျိုးသည့် ကာလတွင် သွင်းအားစုများ ဈေးကြီး၍ တစ်ဧကလျှင် ကုန်ကျစရိတ် ၅၀၀,၀၀၀ ဝန်းကျင်ခန့် ကုန်ကျသော်လည်း အထွက်နှုန်းများ ကောင်းမွန်ပြီး တစ်တင်းလျှင် ကျပ် ၇၄၀၀၀ ဈေး ရောင်းချရသဖြင့် ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရရှိကြကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ပဲကြီးကို ကျေးရွာအတော်များများ စိုက်ပျိုးကြသော်လည်း ချောင်းဖြူ၊ မောင်းမကန်၊ ရေပုတ်၊ ဇရပ်ကြီးကျေးရွာများတွင် အများဆုံး စိုက်ပျိုးကာ အထွက်နှုန်းများ ကောင်းမွန်ပြီး ဈေးကောင်းရရှကြသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြကြောင်း ရေပုတ်ကျေးရွာ ပဲစိုက်တောင်သူ ကိုသောင်းနိုင်က ပြောပြသည်။
ဇေယျာထက်
https://t.me/MyanmarNationalPost

No comments:
Post a Comment