MNP - ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)လများအတွက် လူမှုရေးပင်စင်ရရှိ သော အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ တစ်ဆင့်ထောက်ပံ့ ပေးအပ်ကြသည်။
ထိုနောက် မြို့နယ်စီမံကောင်စီဥက္ကဌ ဦးထင်လင်းအောင်
နှင့်တာဝန်ရှိသူများမှ အသက် ၈၅ နှစ် နှင့် အထက်သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်များကို အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၅၈ ခုမှ အသက် ၈၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွား ၁၁၉၂ဦးအတွက် စုစုပေါင်းငွေကျပ် (၃၅၇၆၀၀၀ဝိ/-) ကို လူမူရေးပင်စင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment