MNP - ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၌ လူမှုဘဝများဖွံ့ဖြိုး တိုးတက်ရေး အမှတ်(၂)ခရိုင်ချင်ဆက်လမ်းမှ ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။
ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ (၁၁၁.၈၇၈) ကျပ်သန်းဖြင့် ရွှေယောမြေကုမ္မဏီမှတာဝန်ယူ၍ လမ်း၏ (Lot No-40)၊ (၇၀.၆)ကီလိုမီတာနှင့် (၇၂.၅၂)ကီလိမီတာအတွင်းရှိ အရှည်(၁.၉၂)ကီလိုမီတာ၊ အကျယ်(၃.၇)ကီလိုမီတာ ကတ္တရာလမ်း အပေါက်များအား ပြန်လည်ပြုပြင်ခြင်း၊ လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကတ္တာရာရေပိတ်လွှာလောင်းခြင်း၊ လမ်းပုခုံးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါလမ်းပိုင်းအား ပြန်လည်ပြုပြင်ပေးခြင်းဖြင့် ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုလျက်ရှိသည့် ပြည်သူများအနေဖြင့် ကုန်စည်စီးဆင်းမှုနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာကြောင်း မြို့နယ်လမ်းဦးစီး ဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး လမ်းများ၊ တံတားများအား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်နှင့်ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် လွယ် ကူမြန်စွာသယ်ယူနိုင်ရေး ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment