MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show)ကို Community. Centre ခန်းမ. လူထုအခြေပြု ဗဟိုဌာန၌ ယနေ့၊ ညနေ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မျက်မမြင် သင်တန်းကျောင်းနှင့် ပတ်သက်၍ သိရှိလိုသော အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၏ ရည်ရွယ်ချက်၊ သင်တန်းသား လက်ခံပေးမှုအခြေအနေ၊ လေ့ကျင့်သင်ကြားပေးမှုများ၊ ပညာရေးဆောင်ရွက်ပေးမှုများ၊လက်ခံသည့် အမျိုးအစားများနှင့် စောင့်ရှောက်ပေးမှု အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment