ဂွမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းများ ဆောင်ရွက်





MNP  -    ဖေဖော်ဝါရီ  ၁၆

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။


စာငှား၊စာဖတ်သူတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ တိုးပွားစေရေးအတွက် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူများအတွက် သုတ/ ရသ စာအုပ်များကို Mobile Library စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခြင်းဖြစ်ပြီး ထိုသို့ ငှားရမ်းပေးခြင်းကို တစ်ပတ် ပြည့်လျှင် စာအုပ်သစ်များ လဲလှယ််ပေးခြင်းဖြင့် ငှားရမ်းပေးလျက်ရှိသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)