ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ကန့်ဘလူမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ကန့်ဘလူမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်


MNP   -   ဖေဖော်ဝါရီ ၂၈

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးကိုပေါ့ဆစွာ အသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီခန့်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။


ထိုသို့လှည့်လည် အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်ပတ်ဝန်းကျင်ရှိအ မှိုက်များအား မီးရှို့ရှင်းလင်းမည်ဆိုပါက မီးသတ်ဦးစီးဌာနသို့ ကြိုတင်အကြောင်းကြားထားရှိရန် နှင့် စနစ်တကျစုပုံ၍ မီးရှို့ကာ မီးငြှိမ်းသတ်ရန်အတွက် ရေကိုအနားတွင်ထားရှိရန်၊ မီးရှို့မည် ဆိုပါက အများသူငါသွားလာခြင်း မပြုသေးသည့် နံနက် ၄ နာရီမှ ၇ နာရီထိလည်းကောင်း၊ ညနေ ၄ နာရီမှ ၇ နာရီထိလည်းကောင်း ဆောင်ရွက်ကြရန်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုစဉ် ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်စေရေးအတွက် မီးရှို့ခြင်းမပြုလုပ်ကြရန်၊ မိမိတို့ နေအိမ်တွင် အသုံးပြုနေသော ဟောင်းနွမ်းနေသည့် လျှပ်စစ်မီးကြိုးများအသစ်လဲလှယ်ရန်၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များ စနစ်တကျငြှိမ်းသတ်ရန်၊ မီးချိတ်၊ မီးကပ်၊ ရေတဘက်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူများ အဆင့်ထားရှိရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)