MNP - ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းဆင့်သင် ဆရာ၊ဆရာမများ လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ် ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတွင် ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် ကျောက်ဖြူခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ယခုသင်တန်းသည် လက်ထောက်မူလတန်းဆင့်သင်အဖြစ် ခန့်အပ် မည့် ဆရာ၊ဆရာမများကို သင်ကြားပြသပေးသည့် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖြစ်သဖြင့် သင်တန်းမှ ပို့ချပြသပေးသည့် သင်ခန်းစာများအား သေချာဂရုတစိုက်လေ့လာမှတ်သားစေလိုကြောင်း၊ မိမိတို့ဒေသများရှိ သင်ကြားရေးဆရာလိုအပ်ချက်ရှိသည့် ကျောင်းများတွင် ဖြည့်ဆည်းခန့်ထားပေး မည်ဖြစ်သည့်အတွက် ၎င်းကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှုကဏ္ဍသည်လည်း ပိုမိုအဆင်ပြေလာ မည်ဖြစ်ကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် ပညာရေးမူဝါဒဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ နှင့်အညီ မိမိတို့တာဝန်ကျရာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၏ ပညာရေးတိုးတက်ရေးကို အစဉ်မပြတ်လေ့လာကြည့်ရှုပြီး စေတနာအရင်းခံဖြင့် ပြသပေးစေလိုကြောင်း ဆွေးနွေးမှာကြား သည်။
ထို့နောက် သင်တန်းအားဆက်လက်ပြသရာ သင်တန်းနည်းပြဆရာများဖြစ်သည့် မြို့နယ်ပညာ ရေးမှူးနှင့် ထက်အုပ်၊ လယ်အုပ်(၈)ဦးတို့က ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းဉပဒေ၊ ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာ၊ ပညာရေးပြက္ခဒိန်ပါ လုပ်ငန်းများဆောင်ရွက်ခြင်း၊ မူလတန်း သင်ရိုးသစ် မိတ်ဆက်ခြင်း၊ ပညာရည်စစ်ဆေးတိုင်းတာခြင်း၊ ပင်စင်၊ ခွင့်အမျိုးအစားများ အစရှိသည့် ဘာသာရပ်များကို သင်တန်းသား၊ သင်တန်းသူ(၅၇)ဦးတို့အားပြသပေးပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ (၅) ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost



No comments:
Post a Comment