မက်မန်းမြို့နယ်၌ လမ်/တံတားလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့နယ်၌ လမ်/တံတားလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ



MNP  -  ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လမ်း/တံ တားလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် အိတ်ဖွင့်တင်ဒါ စိစစ်ရွေချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းခရိုင် လမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တင်ဒါကော်မတီဥက္ကဋ္ဌကိုယ်စား ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာနမှ ဦးမိုင်းနိုင်နေလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) တင်ဒါကော်မတီအတွင်းရေးမှူးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်(ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် အိတ်ဖွင့်တင်ဒါနှင့်ပတ်သတ်သည့် အချက်အလက်များ၊ တင်ဒါစည်းကမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်(ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုင်းပျဉ်း-မက်မန်းလမ်း အတွက် တင်ဒါခေါ်ယူခဲ့သော (LOT) လေးခုအတွက် တင်ဒါပုံစံလျှောက်လွှာ(၁၂)စောင် ရောင်းချခဲ့ရာ တင်ဒါယှဉ်ပြိုင်သူဦးရေ(၆)ဦးနှင့် တင်ဒါအာမခံကြေး(၁)ရာခိုင်နှုန်း ပေးသွင်းမှုမှာ (၆)စောင်ရှိခဲ့ပြီး တင်ဒါစည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စောဥမ္မာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)