Pages

Pages

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဒသမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကျင်းပ



MNP  -  ဖေဖော်ဝါရီ   ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဒသမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက ဒသမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ဒသမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲကို ပြိုင်ပွဲဝင်မည့် (၁၆)သင်းက သတ်မှတ်ချက်အတိုင်း ပြင်ဆင်ထားမှုရှိမရှိကို အကဲဖြတ်အဖွဲ့တို့က လိုက်လံစစ်ဆေးခဲ့ပြီး ထမနဲထိုးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ အဆိုပါ ထမနဲထိုးပြိုင်ပွဲ  ယှဉ်ပြိုင်နေမှုကို ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးနှင့်ဇနီး ဒေါ်ညိုညိုဝေလွင်တို့က ကြည့်ရှုအားပေးခဲ့သည်။


ယင်းနောက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် သင်ကြားလေ့ကျင့်ရေး(စာပေ)ဌာနခွဲနှင့် ဝန်ထမ်းသစ် (အခြေခံ)သင်တန်း၊ ဒုတိယဆုရရှိသည့် သင်ကြားလေ့ကျင့်ရေး(ပစ္စည်း)ဌာနခွဲနှင့် နေ့စားဝန်ထမ်းများ၊ တတိယဆုရရှိသည့် ကွန်ပျူတာပုံဆွဲသင်တန်း၊ ဂဟေအခြေခံသင်တန်း၊ ကွန်ပျူတာ(အထူး) သင်တန်း)၊(I OFFICE)သင်တန်းတို့ကို ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးနှင့်တာဝန်ရှိသူတို့က ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment