Pages

Pages

အလုံမြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်



MNP  -  ဖေဖော်ဝါရီ ၃

ကျောင်းသားလူငယ်များ စာပေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊  စာပေမှရရှိသည့် အသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ နယ်လှည့်ကွင်းဆင်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှလှဝင်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများကို သာမက “စာအုပ်စာပေ၊ လူ့မိတ်ဆွေ” ဟူသော ဆောင်ပုဒ်အတိုင်း ဘာသာရပ်ပေါင်းစုံ၊ ရသပေါင်းစုံ စာအုပ်များကို ဖတ်ရှု၊ လေ့လာ၊ မှတ်သားကြရန်၊ စာဖတ်ခြင်းဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး အသိပညာဗဟုသုတများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊  မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့်  သုတ၊ ရသ စာအုပ်၊ စာစောင်များအား ငှာရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တင်တင်ချို 

 https://t.me/MyanmarNationalPost

No comments:

Post a Comment